fbpx
Course Content
PR intro
Intoduction to Public Relations
0/31
Public Relations
About Lesson
  • ပဋိပက္ခမဖြစ်ခင်မှာ လုပ်စရာတွေ စလုပ်ရပါမယ်။  PR အဖွဲ့အနေနဲ့ ရေရှည်အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာဖြစ်သလို ဦးစားပေးရမယ့်အရာတွေမှာလည်း ဆက်လက် အာရုံစိုက်ရပါလိမ့်မယ်။ ပဋိပက္ခအားလုံးမှာ အစောပိုင်းအချိန်တွေက အရေးကြီးဆုံးပါပဲ။ ကုမ္ပဏီအနေနဲ့ အစောပိုင်းမှာ ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ်မှာမူတည်ပြီး ပဋိပက္ခကာလ တစ်ခုလုံးမှာ ပုံစံပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို ကြိုတင်သုတေသနလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ထိရောက်တဲ့ဆက်ဆံရေးမှာ ကိုယ်ပေးချင်တဲ့သတင်းစကားကို ပဋိပက္ခမဖြစ်ခင် ကြိုတင်ပြင်ဆင်ထားရပါမယ်။ ကိုယ်ပေးမယ့်သတင်းစကားမှာ လူတွေရဲ့ ခေါင်းထဲတင်မက နှလုံးသားထဲပါစွဲသွားအောင် အားကောင်းတဲ့ပုံဖော်မှုတွေနဲ့ အချက်အလက်တွေလိုတယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိခဲ့ရပြီးပါပြီ။ ခုကစလို့ ရှေ့လျှောက်မှာ PR အဖွဲ့တွေကို ကျနော်တို့ထူထောင်ပြီး အသုံးပြုသွားပါမယ်။ ဒါမှသာ ပြဿနာမဖြစ်ခင် သူအကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိ ဖြစ်တော့မှာပါ။ ပဋိပက္ခ ဖြစ်တာနဲ့ ချက်ချင်းတင်ဆက်နိုင်မယ့် ဝက်ဘ်ဆိုက်တွေကိုလည်း ကျနော်တို့ အသင့်ထားရှိသွားပါမယ်။ ပဋိပက္ခကာလမှာ နာကျင်ခံစားခဲ့ရတာရှိသလို ဒီအတွေ့အကြုံကြောင့်ပဲ ကျနော်တို့ ပိုသန်စွမ်းလာပြီး ပိုကောင်းအောင်ပြင်ဆင်လာနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။
error: Content is protected !!