fbpx
Course Content
PR intro
Intoduction to Public Relations
0/31
Public Relations
About Lesson
  • PR အေဂျင်စီများသည် ယင်းတို့ကို ငှားရမ်းထားသော အဖွဲ့အစည်း၏ သတ်မှတ်ထားသော ရည်မှန်းချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများအတွက် ပုံမှန်အားဖြင့် နာရီအချိန်ပိုင်းအလိုက် အလုပ်လုပ်ပေးသည့် ငှားရမ်းထားသော အတိုင်ပင်ခံများဖြစ်ကြသည်။ 
  • PR သည် အဖွဲ့အစည်းနှင့် သက်ဆိုင်သူများကို အချင်ချင်းအပြန်အလှန်သဟဇာတဖြစ်စေရန် ကူညီပေးသည်။
  • ယနေ့ခေတ် PR လုပ်ဆောင်ချက်များသည် အခေါ်အဝေါ်အများစုနှင့် ချိတ်ဆက်လာသည်။ PR သည် နာမည်ဆိုးဖြင့် အစမကောင်းခဲ့သဖြင့် အဖွဲ့အစည်းများသည် ယင်းတို့၏ PR လုပ်ဆောင်ချက်များကို အခြားအခေါ်အဝေါ်များဖြင့် ခေါ်ဆိုလာကြသည်။
  • ယနေ့ခေတ်လက်တွေ့လုပ်ငန်းခွင်တွင် ကော်ပိုရိတ်ဆက်သွယ်ရေးဆိုသည်မှာ PR အစား အသုံးများသော စကားလုံးဖြစ်သည်။ လူထုရေးရာနှင့် စျေးကွက်ဖော်ဆောင်မှု ဆက်သွယ်ရေးစသဖြင့်လည်း ခေါ်ကြသည်။ 
  • အရေးပါသည့်သက်ဆိုင်သူများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရေးနှင့်ဆက်ဆံရေးတိုးမြှင့်ရေး အလေးပေးခြင်းမှတစ်ဆင့် အဖွဲ့အစည်း၏ အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မည့် တစ်မူထူးခြားသည့် စီမံခန့်ခွဲမှုလုပ်ငန်းဖြစ်သည်။

error: Content is protected !!