fbpx

Master of Marketing Management (MMM) Online Course details

Master of Marketing Management (MMM) Online Course

ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ အွန်လိုင်းသင်တန်းနဲ့ပတ်သတ်လို့

ဘယ်ဘာသာရပ်တွေသင်မလဲ?

ဘယ်လောက်ကျမလဲ။

ဘယ်သူတွေ တက်သင့်လဲ။

ဘာကြောင့်တက်သင့်လဲ။

စတဲ့ သင်တန်အကြောင်းအသေးစိတ်တွေကို

https://myanmarlearner.com/2022/02/04/master-of-market…e-course-details မှာ လေ့လာနိုင်ပါပြီ။

 

မုံရွာစီးပွားရေးတက္ကသိုလ်

ဝါဏိဇ္ဇဗေဒဌာန

ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့အွန်လိုင်းသင်တန်း

Master of Marketing Management (MMM) Online Course

 

ဆက်သွယ်စုံစမ်းရန်

အဆောင်(၂) သင်တန်းရေးရာဌာန မုံရွာစီးပွားရေးတက္ကသိုလ်

Ph – 09-977622770

E-mail- academic.mue@gmail.com

အဆောင်(၃) ဝါဏိဇ္ဇဗေဒဌာန မုံရွာစီးပွားရေးတက္ကသိုလ်

Ph – 09-42212470

E-mail-commerce.mue@gmail.com

 

ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ အွန်လိုင်းသင်တန်း

Master of Marketing Management (MMM) Online Course

 

၁။ ဈေးကွက်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ အွန်လိုင်းသင်တန်း Master of Marketing Management (MMM) Online Course ကို (၂၀၂၂ မတ်လ)တွင် စတင်ဖွင့်လှစ်ပါမည်။

၂။ ဈေးကွက်စီးပွားရေးစနစ်အကောင်အထည်ဖော်ရာတွင် မိမိလုပ်ငန်းများ အားကောင်းပြီး ပြိုင်ဆိုင်မှုများကို ယှဉ်ပြိုင်အနိုင်ယူနိုင်ရန် လိုအပ်သည့် ဈေးကွက်ဆိုင်ရာ အသိပညာဗဟုသုတများ ရရှိနိုင်စေရန်၊ ခေတ်နှင့်အညီ တိုးတက်လာသော နည်းပညာများကို အသုံးပြု၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်နှင့် တိုးတက် အောင်မြင်မှုရရှိစေရန် လိုအပ်သော နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ သဘောတရားများ သိရှိစေရန် ရည်ရွယ်၍ မဟာဘွဲ့သင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါသည်။ ။

၃။ နိုင်ငံတစ်ဝှမ်းဒေသအသီးသီးမှ စိတ်ဝင်စားသူမည်သူမဆို Online ဖြင့် မိမိနေထိုင်ရာဒေသမှ တက်ရောက် နိုင်ပါသည်။ သင်တန်းတက်ရောက်မှုအချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ နံနက် ၉နာရီမှ ညနေ၄နာရီ) အထိဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်သည်။

၄။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သော ပါရဂူဘွဲ့ရ ဆရာကြီး ဆရာမကြီးများ၊ နိုင်ငံခြား Master ဘွဲ့ရရှိသော ဆရာကြီး ဆရာမကြီးများ၊ ပြင်ပ ကျွမ်းကျင်ပညာရှင်ကြီးများက စာတွေ့ လက်တွေ့ သင်ကြားပေးခြင်း Seminor များကျင်းပပေးခြင်း၊ Workshopများစီစဉ်ပေးခြင်း၊ လက်တွေ့လေ့လာကွင်းဆင်းခြင်းများ ဆောင်ရွက်ပေးခြင်းစသည့် အခွင့်အလမ်းများ ရရှိနိုင်သည့် Program တစ်ခုဖြစ်ပါသည်။

၅။ ပုဂ္ဂလိကလုပ်ငန်းများတွင် ဌာနအသီးသီးရှိ မန်နေဂျာရာထူးနှင့် လုပ်ငန်းဆောင်ရွက်နေသူများ၊ ဈေးကွက် မြှင့်တင်ဖော်ဆောင်ရေးကဏ္ဍတွင်တာဝန်ယူဆောင်ရွက်သူများအတွက်အထူးသင့်လျော်သော သင်တန်းဖြစ်ပါသည်။ ပြည်တွင်းကုမ္ပဏီများသာမက ပြည်ပ (သို့) နိုင်ငံတကာရှိ နိုင်ငံခြား company များတွင် Marketingနှင့်ပတ်သက်သော ဈေးကွက်မြှင့်တင်ရေး၊ ဖော်ဆောင်ရေးနှင့် သက်ဆိုင်သည့် အဆင့်မြင့်ရာထူးနေရာတွင် တာဝန်ထမ်းဆောင်လိုသူများ၊ မိမိတို့၏ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ပညာရပ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လိုသူများအတွက် အခွင့်လမ်း ကောင်း တစ်ရပ် ဖြစ်ပါသည်။

၆။ ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံ ၂ နှစ်အထက် ရှိသူများ မိမိတို့၏ လုပ်ငန်းခွင်တွင်ပိုမိုစွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်လိုသူများ နာမည်ကြီး Company များတွင် စတင်အလုပ်လုပ်ကိုင်လိုသူများ၊ မိမိတို့၏ အသက်မွေးဝမ်းကြောင်းကို တိုးတက် ပြောင်းလဲရန် ကြိုးစားနေသူများ တက်ရောက် လေ့လာသင့်သော သင်တန်း ဖြစ်ပါသည်။

၇။ တတ်ရောက်သင့်သူများ

  • မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ

  • အရောင်းမြှင့်တင်ရေးဌာနတွင် တာဝန်ယူဆောင်ရွက်နေရသူများ

  • မိမိ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အရောင်းမြှင့်တင်ရေးဆိုင်ရာ ရာထူး/ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ

  • နိုင်ငံတကာကုမ္ပဏီများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊ ဖြန့်ဖြူးရေးလုပ်ငန်းများ ဆေးကုမ္ပဏီများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ အာမခံ လုပ်ငန်းများ၊ စူပါမတ်ကတ်များ၊ ကုန်တိုက်ကြီးများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စသည်ဖြင့်လုပ်ငန်းအမျိုးမျိုးတွင် လုပ်ကိုင်နေသူများ

  • နယ်ပယ်အသီးသီးတွင် စီမံခန့်ခွဲမှုတာဝန်ယူနေရသူများ (အစိုးရဌာန၊ ပုဂ္ဂလိကကုမ္ပဏီ၊ NGO၊ INGO)

အထူးသဖြင့်

(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

(ဂ) လုပ်ငန်းခွင်အတွေ့အကြုံ (လုပ်သက်) အနည်းဆုံး (၂) နှစ် ရှိသူ ဖြစ်ရမည်။

(ဃ) သင်တန်းဝင်ခွင့် စာမေးပွဲအောင်မြင်ရမည်။

(င) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ပြီး zoom application အား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

(စ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။

၈။ သင်တန်းတစ်ခုတွင် သင်တန်းသားဦးရေ (၁၀၀) ဦး လက်ခံသင်ကြားပါမည်။

၉။ သင်တန်းများနှင့် ပတ်သတ်သော အချက်အလက်များ

(က) လျှောက်လွှာကို (၂၀-၁-၂၀၂၂)မှစ၍ လျှောက်လွှာ စတင် ရယူနိုင်ပြီး (၂၄-၂-၂၀၂၂) နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ မုံရွာစီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန၏ အီးမေးလ် သို့မဟုတ် viber သို့ ဆက်သွယ်၍ လျှောက်လွှာများ ရယူနိုင်ပါသည်။ (commerce.mue@gmail.com/ ၀၉-၄၂၂၁၁၂၄၇၀)

(ခ) လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက် စာတန်းများ၏ original scan copy (မူရင်းကို Scan ဖတ်ထားသော မိတ္တူ)ကို သက်ဆိုင်ရာ သင်တန်းများ၏ email (သို့) viber မှ ဖြစ်စေ၊ ဌာနသို့ လူကိုယ်တိုင် လာ၍ဖြစ်စေ သက်ဆိုင်ရာဌာနသို့ ပေးပို့ရမည်။

 

၁။ ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ ထောက်ခံစာ

၂။ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်

၃။ နိုင်ငံသားစီစစ်ရေး ကဒ်ပြားအမှတ်

၄။ ဓါတ်ပုံ (၃)ပုံ

၅။ သက်ဆိုင်ရာ တက္ကသိုလ်မှ ပညာရေးထောက်ခံစာ

၆။ လုပ်ငန်းထောက်ခံစာ

 

(ဂ) ဝင်ခွင့်စာမေးပွဲအတွက် သင်တန်းကို ( ၁၅.၂.၂၀၂၂ မှ ၂၅.၂.၂၀၂၂) ထိ online မှ ပို့ချသွားမည် ဖြစ်ပြီး တက်ရောက်ချင်သူများအနေဖြင့် ဝင်ခွင့်သင်တန်း ကြေးပေးသွင်း၍ တက်ရောက်နိုင်ပါသည်။

(ဃ)ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၂၇.၂.၂၀၂၂) ရက် တနင်္ဂနွေနေ့ တွင် online မှ ဖြေဆိုရမည် ဖြစ်ပြီး | ဝင်ခွင့်ရေးဖြေအောင်စာရင်းကို တစ်ဦးချင်းထံသို့ နုတ်ဖြေရမည့် အချိန်စာရင်းနှင့် အတူ email ဖြင့် ပြန်လည်ပေးပို့ပါမည်။

(င) ဝင်ခွင့်သင်တန်းအောင်မြင်ကြောင်းကို မုံရွာစီးပွားရေးတက္ကသိုလ်မှ ကြေညာသွားပါမည်။

(စ) သင်တန်းစတင်မည့်နေ့ – မတ်လ ၂၀၂၂

(ဆ) သင်တန်းပို့ချသည့် ပုံစံ

  • အွန်လိုင်း-Online zoom ဖြင့်သင်ကြားပါမည်။
  • နိုင်ငံတစ်ဝှမ်း ဒေသအသီးသီးမှ စိတ်ဝင်စားသူမည်သူမဆို Online ဖြင့် မိမိနေထိုင်ရာဒေသမှ တက်ရောက်နိုင်ပါသည်။ ။
  • သင်တန်းရက် အပါတ်စဉ် စနေနှင့် တနင်္ဂနွေ (နံနက်၈နာရီမှ ညနေ ၄နာရီ)အထိ ဖွင့်လှစ်သင်ကြားပေးမည့် ရုံးချိန်ပြင်ပ သင်တန်း ဖြစ်ပါသည်။

(ဇ)သင်တန်းများအတွက် သင်တန်းကာလပြီး ဆုံး ချိန်၌ စာမေးပွဲ စစ်ဆေးမည် ဖြစ်ပါသည်။ သင်တန်း တက်ရောက်မှု (၇၅%) ပြည့်မီပြီး စာမေးပွဲအောင်မြင်သူများအား Thesis များတင်သွင်းပြီး နှုတ်ဖြေစာမေးပွဲ (Viva Voce) စစ်ဆေးပြီးမှ သာလျှင် မုံရွာစီးပွားရေးတက္ကသိုလ်မှ သင်တန်းဆင်းဘွဲ့လက်မှတ် ချီးမြှင့်မည်ဖြစ်ပါသည်။သင်တန်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အသေးစိတ်စုံစမ်း သိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာန ( ၀၉-၉၇၇၆၂၂၇၇၀) / ဝါဏိဇ္ဇဗေဒဌာန (၀၉- ၄၂၂၁၁၂၄၇၀) သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

(ဈ) သင်တန်းကြေး

လျှောက်လွှာနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများတင်သွင်းရာတွင် အထွေထွေစာရွက် စာတမ်းကြေး (၅၀၀၀) ကျပ်နှင့် ဝင်ခွင့်စာမေးပွဲအတွက် သင်တန်းတက်ရောက်လိုပါက ဝင်ခွင့်သင်တန်းကြေး ၃၀၀၀၀ ကျပ်ကို ဝင်ခွင့်သင်တန်းမစမီ KBZ Bank Account (KBZ Special Account; Account No.31013816000585601)တွင် ပေးသွင်းရပါမည်။ ဝင်ခွင့်သင်တန်းအောင်မြင်ပြီး ပါက သင်တန်းကာလ (၂၄)လ အတွက် တစ်လလျှင် (၂၀၀၀၀) ကျပ်ဖြင့် စုစုပေါင်း(၄၈၀,၀၀၀) ကျပ်ဖြစ်ပြီး သင်တန်းတစ်နှစ်ချင်းစီအတွက် တစ်နှစ်စာကျောင်းလခ (၂၄၀,၀၀၀)ကျပ်ကို တစ်နှစ် တစ်ကြိမ် အထက်ပါ KBZ Bank Account သို့ ပေးသွင်းရမည်ဖြစ်ပါသည်။

 

ဈေးကွက်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ အကြောင်း (About Master of Marketing Management )

Master of Marketing Management (ဈေးကွက်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့) သင်တန်းသည် သင်တန်းတက်ရောက်သူများအတွက် ဈေးကွက်ဆိုင်ရာ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်ခဲများကို ဘာသာရပ်ဆိုင်ရာရှုထောင့်အပြင် လက်တွေ့နယ်ပယ်တွင် ကြုံတွေ့ရမည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် တွေးခေါ်စဉ်းစားတတ်သည့် Critical Thinking ရရှိစေရန် လေ့ကျင့်ပေးခြင်းဖြင့် သင်တန်းတက်ရောက်သူများ နည်းစနစ်ကျစွာ တွေးခေါ် တီထွင်ဆန်းသစ်နိုင်စေရန် ရည်ရွယ်ပါသည်။ ဤသင်တန်းသည် လုပ်ငန်း၏ အထွေထွေ ကိစ္စရပ်များ စီမံခန့်ခွဲမှုမှသည် လုပ်ငန်း၏အရေးကြီးသော ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် ဆန်းသစ်သည့် အတွေးအခေါ် အယူအဆ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မြင့်မားလာစေရေးအတွက် အထူးရေးဆွဲထားသော MMM သင်တန်း ဖြစ်ပါသည်။ သင်တန်းတက်ရောက်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းကို သမာသမတ်ကျစွာဖြင့် လူမှုပတ်ဝန်းကျင် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ကာ စဉ်ဆက်မပြတ်အောင်မြင် နိုင်ရေးအတွက် စာတွေ့လက်တွေ့ ပေါင်းစပ်လေ့လာနိုင်သော သင်တန်းဖြစ်ပါသည်။ သင်တန်းတက်ရောက်သူများအနေဖြင့် မိမိ၏ အသက်မွေးဝမ်းကြောင်းပညာရပ်ကို ပိုမိုတိုးတက်အောင် ဖြည့်ကျင့်နိုင်မည့် ပြဿနာမျိုးစုံဖြေရှင်းရေး နည်းလမ်း၊ လက်တွေ့ကျကျစဉ်းစားတွေးခေါ်တတ်စေရန် နည်းလမ်းများအပြင် လုပ်ငန်းခွင်နှင့် လုပ်ငန်းပြင်ပတွင် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်စေရန် နည်းလမ်းများကိုပါ သင်ယူလေ့လာနိုငမည်ဖြစ်ပါသည်။

Master of Marketing Management (ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့) သင်တန်း တတ်မြောက်ပြီးစီးပါက ဈေးကွက်စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားနှင့် ပညာရပ်များ၊ ဈေးကွက်ဖော်ဆောင်မှု ဆိုင်ရာနည်းလမ်းများ၊ ကမ္ဘာ့ထိပ်တန်း Company များ၊ အောင်မြင်မှုဆိုင်ရာနည်းဗျူဟာများကို သိရှိနားလည်ကျွမ်းကျင်တတ်မြောက် သွားနိုင်မည်ဖြစ်ပါသည်။ Online သင်တန်းဖြစ်သောကြောင့် နိုင်ငံတဝှမ်းရှိ ဒေသအသီးသီးမှ ပညာလိုလားသူများ ဆုံဆည်းခွင့်ရရှိ၍ မိမိတို့၏ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတများကို အချင်းချင်းမျှဝေနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်း ကွန်ရက်/ လူမှုရေးဆိုင်ရာ ကွန်ရက်များ တည်ဆောက်နိုင်မည့် ထူးကဲသော အခွင့်အလမ်းဖြစ်ပါလိမ့်မည်။ သင်တန်းတက်ရောက်နေစဉ်အတွင်း အဖွဲ့လိုက်ဆွေးနွေးခြင်းများ (Group Discussion)၊ အဖွဲ့လိုက်ဆွေးနွေးချက်များ ပြန်လည်တင်ပြခြင်း (Presentation ) ပြဿနာရပ်ကို ပူးပေါင်းဆွေးနွေးအဖြေရှာခြင်း (Problem Solving & Negotiation) နှင့် လက်တွေ့နယ်ပယ်တွင် ကြုံတွေ့နေရသည့် ကိစ္စရပ်များကို ဆန်းသစ်တီထွင်မှုများဖြင့်အဖြေရှာခြင်း ( Case study and solutions with innovation) တို့ကို ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း ရရှိမည်ဖြစ်၍ မည်သည့်နယ်ပယ်၊ လုပ်ငန်းခွင်တွင်မဆို ပြန်လည် အသုံးချနိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ပါသည်။

 

သင်တန်းတက်ရောက်ပြီးပါက ရရှိမည့် အကျိုးကျေးဇူးများ

ယနေ့ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော စီးပွားရေး အဆောက်အအုံတွင် မိမိတို့ လုပ်ငန်းအနေဖြင့် ပြိုင်ဘက်လုပ်ငန်းများထက် သာလွန်သော ဈေးကွက်ဆိုင်ရာဖော်ဆောင်သဘောတရား၊ နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်နိုင်ခြင်း။

မိမိတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်သဖြင့် အနာဂတ်အတွက် မိမိ၏ Career ကို တိုးတက်အောင် ဖော်ဆောင်နိုင်ခြင်း။

စီးပွားရေးလုပ်ငန်းအချင်းချင်း ကွန်ရက်တည်ဆောက်နိုင်ခြင်း၊ ဒေသအသီးအသီးရှိ သင်တန်း တက်ရောက်သူအချင်းချင်း လူမှုရေးကွန်ရက် (Social Network) ပိုမိုတည်ဆောက်နိုင်ခြင်းတို့ကြောင့် မိမိတို့၏ လုပ်ငန်း ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း။

ဈေးကွက်ဆိုင်ရာ အခြေခံသဘောတရားမှသည် ခေတ်မီဆန်းသစ်သော နည်းလမ်းများ လေ့လာသင်ကြားခွင့်ရရှိရန် မိမိတို့၏ လုပငန်းကို ပိုမိုကောင်းမွန်သော၊ လူမှုပတ်ဝန်းကျင်ကို ပို အကျိုးပြုနိုင်သော၊ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နိုင်သော လုပ်ငန်းအဖြစ် ရေရှည်ရပ်တည်နိုင်အောင် ဖန်တီးနိုင်ခြင်း။

 

ဈေးကွက်စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MMM) အတွက် သင်ရိုး
First Year (Core Courses)

ပထမနှစ် (မသင်မဖြစ်ဘာသာရပ်များ)

Sr.

No.

Module No. Name of Course Course Objectives
First Quarter  
1 MMM-111 Principles of Management လုပ်ငန်းနယ်ပယ်အသီးသီးတွင် စီမံခန့်ခွဲမှုကောင်းမွန်စွာ ဆောင် ရွက်နိုင်ရန်အတွက် အခြေခံစီမံခန့်ခွဲမှုဆိုင်ရာ သဘောတရား များကို စနစ်တကျသိရှိအသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။
2 MMM-112 Principles of Marketing ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်သောအခြေခံသဘော တရားများနည်းဗျူဟာများကိုပိုင်နိုင်ကျွမ်းကျင်နားလည်၍ Marketing Plan ရေးဆွဲနိုင်ရန် ရည်ရွယ်ပါသည်။
3 MMM-113 Managerial Economics စီးပွားရေးအဆောက်အဦတစ်ခုလုံးကို နားလည်သဘောပေါက်စေရန်၊ စီးပွားရေးစနစ်ကောင်း တည်ဆောက်နိုင်ရေးအတွက် မိမိလုပ်ငန်း၏ စီးပွားရေးပေါ်လစီများကို စီးပွားရေးပတ်ဝန်း ကျင်ပြောင်းလဲမှုများ နှင့်အညီလိုက်ပါ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
Second Quarter  
1 MMM-121 Managing People မိမိလုပ်ငန်းအတွင်းရှိ ဝန်ထမ်းများအား ကောင်းမွန်စွာ စီမံအုပ်ချုပ် နိုင်ရေးအတွက် ရည်ရွယ်ပါသည်။
2 MMM-122 Accounting and Finance for Marketers မိမိလုပ်ငန်းအတွင်းရှိ ငွေရေးကြေးရေးစီမံခန့်ခွဲမှု များကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
3 MMM-123 Strategic Marketing ဈေးကွက်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ရာတွင် မိမိ လုပ်ငန်း၏ အခြေအနေ၊ ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှု၊ လုပ်ငန်းစု အခြေအနေတို့ကို စနစ်တကျသုံးသပ်၍ မိမိလုပ်ငန်းနှင့် အံဝင်ခွင်ကျဖြစ်စေမည့် မဟာဗျူဟာများ ရေးဆွဲနိုင်ရန် ရည်ရွယ်ပါသည်။

 

Third Quarter  
1 MMM 131 Sales Management အရောင်းမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ မိမိလုပ်ငန်း၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းသို့ ထိထိရောက်ရောက်ရှိစေပြီး ရောင်းအားတက် လာစေရန်နှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ ဝန်ထမ်းအ ဖွဲ့အစုများအား စနစ်တကျ ဖွဲ့စည်းကွပ်ကဲနိုင်ခြင်းဖြင့် လုပ်ငန်း၏စွမ်းဆောင်ရည် ပိုမိုကောင်းမွန် မြင့်မားလာစေရန် ရည်ရွယ်ပါသည်။
2 MMM-132 Marketing Communication ဈေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် ဆက်သွယ်ဆောင်ရွက်ရေးသည် အရေးအပါဆုံးဖြစ်သဖြင့် နည်းစနစ်ကျကျဆောင်ရွက် နိုင်စေရန် ရည်ရွယ်ပါသည်။
3 MMM-133 Retail Management လက်လီအရောင်းလုပ်ငန်းအုပ်စုများဖြစ်သည့် စတိုးဆိုင်များ၊ စူပါမားကတ်များ၊ ကုန်တိုက်များ၊ မီနီစတိုး ဆိုင်များ စသည့်လုပ်ငန်းနယ်ပယ်အသီးသီး၏ အထွေထွေစီမံခန့်ခွဲမှုများကို ကောင်းမွန်စွာဆောင်ရွက်နိုင် စေရန် ရည်ရွယ်ပါသည်။
Fourth Quarter  
1 MMM-141 Customer Relationship Management မိမိ၏လုပ်ငန်းအတွက် အရေးအပါဆုံးဖြစ်သည့် ဝယ်သူများနှင့် ရေရှည်ဆက်ဆံရေး ပိုမိုခိုင်မြဲနိုင်စေရန် ရည်ရွယ်ပါသည်။
2 MMM-142 Service Marketing မျက်မှောက်ကာလနှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများ၏အရေးပါမှုနှင့် ထိုလုပ်ငန်းများ၏ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာသဘောတရားများ၊ နည်းဗျူဟာများကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။
3 MMM-143 Consumer Behavior မိမိလုပ်ငန်း၏အဓိကပင်မဝင်ငွေတိုးတတ်မှုကို ပေးဆောင်နေ သည့် စားသုံးသူများနှင့်ပတ်သက်၍ ၎င်းတို့၏ အသေးစိတ် အချက်အလက်များ (သဘောထား၊ စိတ်ကူးစိတ်သန်း၊ လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ စားသုံးမှုသုံးစွဲမှု)ကို လေ့လာဖော်ထုတ်နိုင်ပြီး လုပ်ငန်းနှင့်သင့်တော်သည့် စီမံခန့်ခွဲမှုများအား ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
Second Year (Elective Courses)

ဒုတိယနှစ် (ရွေးချယ်နိုင်သည့် ဘာသာရပ်များ)

 
Sr. No Module No Name of Module Course Objectives
First Quarter  
1 MMM-211 Brand Management မိမိ၏လုပ်ငန်းအားနာမည်ကောင်းရရှိစေနိုင်မည့် နည်း လ မ်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။ Only Any Three Subjects will be taught

ဘာသာရပ် ၃မျိုးသာ သင်မည်။

2 MMM-212 Advertising and Promotion Management ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်မှုဆိုင်ရာ နည်းဗျူဟာများအတွက် ရည်ရွယ်ပါသည်။
3 MMM-213 Pricing Policy and Strategy ဈေးနှုန်းသတ်မှတ်ခြင်းဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာနည်းလမ်းများ ရေးဆွဲနိုင်စေရန် ရည်ရွယ်ပါသည်
4 MMM-214 Product Strategy ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအား ထိရောက်စွာဖန်တီးနိုင်စေရန် ရည်ရွယ်ပါသည်။
5 MMM-215 Ethics in Marketing ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုများပြုလုပ်ရာတွင် ကျင့်ဝတ်နှင့်အညီဆောင်ရွက်နိုင် စေရန် ရည်ရွယ်ပါသည်။
Second Quarter  
1 MMM-221 Marketing Research ဈေးကွက်ဆိုင်ရာ သုတေသနများပြုလုပ်နိုင်စေရန် ရည်ရွယ်ပါသည်။

 

Only Any Three Subjects will be taught.

ဘာသာရပ် ၃မျိုးသာ သင်မည်။

2 MMM-222 Logistics and Distribution Management လုပ်ငန်း၏ဖြစ်စဉ်အစမှအဆုံး လစ်ဟာမှုမရှိစေရလေအောင် စနစ်တကျထိန်းညှိ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
3 MMM-223 International Marketing နိုင်ငံတကာဈေးကွက်ဆိုင်ရာအခြေအနေများအား လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ပါသည်။
4 MMM-224 Innovation and Entrepreneurship ခေတ်မှီဆန်းသစ်သော ဈေးကွက်ဆိုင်ရာစွန့်ဦး တီထွင်မှုများအားဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။
5 MMM-225 Digital and Social Media Marketing နည်းပညာများကိုထိရောက်စွာ အသုံးချ၍ဈေးကွက်မြှင့် တင်နိုင်စေရန် ရည်ရွယ်ပါသည်။

 

 

MBA လျှောက်လွှာဖောင်များ၊ ထောက်ခံစာဖြည့်စွက်လျှောက်လွှာများနှင့် လမ်းညွှန်ချက်များကို https://myanmarlearner.com/2022/01/19/mba-application-form မှာ အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Let’s learn MBA and related studies!

MBA, Research, Thesis နှင့် အခြားသိကောင်းစရာများကို https://MyanmarLearner.com  တွင် လေ့လာနိုင်ပါသည်။

  • MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို တစ်နိုင်ငံလုံးအတွက် စာအုပ်ဖိုး ၅၀၀၀၊ ပို့ခ ၁၀၀၀ခန့်ဖြင့် အိမ်အရောက်ငွေချေ၍ အော်ဒါမှာယူလိုပါက ပို့ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို https://MyanmarLearner.Com နှင့် Facebook.com/MyanmarLearnerCom မှ အိမ်အရောက်ငွေချေစနစ်ဖြင့် မှာယူနိုင်ပါသည်။
  • MBA ဝင်ခွင့်မှစ၍ Thesis စာတမ်းရေးသားပြီး ဘွဲ့ရသည်အထိ ဆောင်ရန်/ရှောင်ရန်များကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများက ကူညီဖြေကြားထားသည်။
  • Please fill the form if you want to order “About MBA” book with 5000 Myanmar Kyat at the begining of 2021.
  • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ၂၀၂၁ နှစ်ဆန်းပိုင်းတွင် မြန်မာကျပ် ၅၀၀၀ ဖြင့် အော်ဒါမှာယူလိုပါက အောက်ပါဖောင်ကို ဖြည့်ပါ။

How to order “About MBA” book!

  • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ဘယ်လိုအော်ဒါမှာယူနိုင်မလဲ။

 

𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝𝐀𝐛𝐨𝐮𝐭 𝐌𝐁𝐀𝐛𝐨𝐨𝐤?

𝐌𝐁𝐀 အကြောင်း သိကောင်းစရာ” စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?

“MBA အကြောင်းသိကောင်းစရာ” စာအုပ်မိတ်ဆက်

“MBA အကြောင်းသိကောင်းစရာ” စာအုပ်အင်တာဗျူး

 

 

  • MBA ကို ဘယ်လိုလူတွေ တက်သင့်လဲ။
  • ပါမောက္ခဒေါက်တာအောင်ထွန်းသက်။

https://www.facebook.com/MyanmarLearners7/posts/129435908851110

  • 𝙈𝘽𝘼 ကို ဘယ်လိုလူတွေ မတက်သင့်ဘူးလဲ။
  • 𝘿𝙧. တင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

https://www.facebook.com/MyanmarLearners7/posts/212459550548745

  • MBA အတုဆိုတာ ဘာလဲ။
  • ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) Tin Win

https://www.facebook.com/MyanmarLearners7/posts/197184812076219

  • 𝘿𝙤𝙘𝙩𝙤𝙧𝙖𝙩𝙚 𝙊𝙥𝙥𝙤𝙧𝙩𝙪𝙣𝙞𝙩𝙮 𝙛𝙤𝙧 Myanmar Learners
    • 𝘿𝙧. တင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

https://www.facebook.com/MyanmarLearners7/posts/199947865133247

  • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ဘယ်လိုအော်ဒါမှာယူနိုင်မလဲ။

https://www.facebook.com/MyanmarLearners7/videos/229677345409281/

  • 𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 “𝐀𝐛𝐨𝐮𝐭 𝐌𝐁𝐀” 𝐛𝐨𝐨𝐤?
  • “𝐌𝐁𝐀 အကြောင်း သိကောင်းစရာ” စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?
  • ဥပဒေပညာရှင် ဆရာဦးမောင်မောင်

https://www.facebook.com/MyanmarLearners7/videos/242154947255997/

  • “𝐌𝐁𝐀 အကြောင်းသိကောင်းစရာ” စာအုပ်မှာ ဘာတွေပါလဲ။ဘယ်သူတွေဖတ်သင့်လဲ။
  • 𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 𝐭𝐡𝐢𝐬 𝐌𝐁𝐀 𝐛𝐨𝐨𝐤 𝐚𝐧𝐝 𝐰𝐡𝐚𝐭 𝐚𝐫𝐞 𝐢𝐧𝐬𝐢𝐝𝐞?

https://www.facebook.com/MyanmarLearners7/posts/199780915149942

  • How to pass #MBA entrance? MBA ဝင်ခွင့်ကို ဘယ်လိုဖြေရမလဲ။
  • MBA program ဌာနမှူး (ငြိမ်း) ဒေါ်လှမြင့်

https://www.facebook.com/MyanmarLearners7/videos/627014994606980/

  • 𝙈𝘽𝘼 ဝင်ခွင့်ဘာလို့ကျလေ့ရှိတာလဲ။
  • ပါမောက္ခဌာနမှူး 𝘿𝙧. နုနုလွင်

https://www.facebook.com/MyanmarLearners7/posts/213280257133341

  • Do we need MBA? MBA လိုလို့လား။
  • ဒေါက်တာထွန်းသူရသက်၊ Myanmar Information Technology တည်ထောင်သူ/ဥက္ကဌ။ ။

https://www.facebook.com/MyanmarLearners7/posts/134770271651007

  • Who should attend EMBA? Executive MBA ကို ဘယ်လိုလူတွေ တက်သင့်တယ်လို့မြင်လဲ။
  • ဦးအောင်သူရနိုင်၊ Managing Director, T.E.S Myanmar

https://www.youtube.com/watch?v=XkVZ-arUrq4

  • MBA Opportunity Cost
  • ‌‌ဒေါ်နှင်းကေသရာ Talent & Technology MD

https://www.facebook.com/MyanmarLearners7/videos/314485996554708/

  • MBA, EMBA နဲ့ OMBA ဘာကွာလဲ။
  • Com

https://www.facebook.com/MyanmarLearners7/posts/146993407095360

  • Why is law learned in MBA? MBA မှာ ဘာလို့ဥပဒေကို သင်ရတာလဲ။
  • ဥပဒေပညာရှင် ဆရာဦးမောင်မောင်

https://www.facebook.com/MyanmarLearners7/videos/1675980592558573/

  • ကျောင်းသင်ခန်းစာအဖြေတွေကို အွန်လိုင်းမှာ ဘယ်လိုရှာမလဲ။
  • Com

https://www.facebook.com/MyanmarLearners7/posts/154933632968004

  • Mba ကို အွန်လိုင်းကနေ လေ့လာချင်သူတွေအတွက် app

https://www.facebook.com/MyanmarLearners7/posts/157459076048793

  • MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို အိမ်အရောက်ငွေချေစနစ်ဖြင့် စာအုပ်ဖိုး ၅၀၀၀ ဖြင့် အော်ဒါမှာယူလိုပါက

https://www.facebook.com/MyanmarLearners7/posts/192888785839155

  • MBA အကြောင်းသိကောင်းစရာစာအုပ်” မှ ကောက်နုတ်ချက်များ

https://www.facebook.com/MyanmarLearners7/posts/193528182441882

  • MBA ဆိုင်ရာအမေးများဆုံးမေးခွန်းများ
  • Com

https://www.facebook.com/110366037424764/posts/196715395456494/?sfnsn=mo

  • Thesis ကို ဘယ်ကစလို့ ဘယ်လိုရေးရမလဲ။
  • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

https://www.youtube.com/watch?v=SGF_e1Ku4VE

  • Thesis အကြောင်းသိကောင်းစရာ အပိုင်း ၁
  • ဒေါ်နုနုလွင်

https://www.facebook.com/MyanmarLearners7/posts/110809880713713

  • ဘာကြောင့် Thesis လိုတာလဲ။ ပါမောက္ခဌာနမှူး
  • ဒေါ်နုနုလွင်

https://www.facebook.com/MyanmarLearners7/videos/306596143826475/

  • Dos and Don’ts for #thesis မှားတက်သည့်အမှားများနှင့် ဆောင်ရန်၊ ရှောင်ရန်
  • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

https://www.facebook.com/MyanmarLearners7/videos/564265927575520/

  • How to write without Plagiarism? Part 1 စာကူးချတာမျိုးမဖြစ်အောင် ဘယ်လိုရေးရမလဲ။ အပိုင်း ၁
  • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

https://www.facebook.com/MyanmarLearners7/videos/599222614062408/

  • MBA မတက်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

https://myanmarlearner.com/2021/12/24/what-to-prepare-before-mba

  • ကိုယ်နဲ့ ကိုက်ညီတဲ့ MBA Program မျိုးကို ဘယ်လို ရွေးချယ်ရမလဲ။

https://myanmarlearner.com/2021/12/24/how-to-choose-mba-program/

  • MBA အကြောင်းသိကောင်းစရာစာအုပ်မိတ်ဆက်

https://myanmarlearner.com/2021/12/24/mba-book-interview/

  • 𝙈𝘽𝘼အကြောင်းသိကောင်းစရာ #𝙈𝘽𝘼𝙗𝙤𝙤𝙠 စာအုပ်ကို ဝယ်ယူအားပေးတဲ့သူတွေအတွက် #𝙇𝙪𝙘𝙠𝙮7𝙋𝙧𝙚𝙨𝙚𝙣𝙩𝙨 လက်ဆောင် ၇မျိုး

https://www.facebook.com/MyanmarLearners7/videos/233551234875652/

  • VIP member opportunities for MBA Learners

https://www.facebook.com/MyanmarLearners7/videos/2916246985323241/

  • စာဖတ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “𝙈𝘽𝘼 အကြောင်း သိကောင်းစရာ” စာအုပ် ထွက်ပါပြီ။

https://www.facebook.com/MyanmarLearners7/posts/215761443551889

  • စာဖတ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “𝙈𝘽𝘼 အကြောင်း သိကောင်းစရာ” စာအုပ် ထွက်ပါပြီ။

https://www.facebook.com/MyanmarLearners7/posts/215761443551889

 

 

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!