fbpx

MBA subjects, requirements, forms and costs

MBA subjects, requirements, teaching methods, forms and costs

MBA ဘာသာရပ်များ၊ လိုအပ်ချက်များ၊ လျှောက်လွှာပုံစံများ၊ သင်ကြားရေးနည်းလမ်းများနှင့် ကုန်ကျစရိတ်များ

MBA သင်တန်းတက်ချင်တဲ့သူတွေအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဘာတွေကို ဘယ်လိုသင်လေ့ရှိလဲဆိုတာ သိချင်ကြတဲ့သူတွေအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ တရားဝင်ပြဋ္ဌာန်းထားတဲ့ဘာသာရပ်တွေ၊ MBA အမျိုးအစားတွေ၊ အမှတ်ပေးစည်းမျဥ်းတွေနဲ့ လိုအပ်ချက်တွေကို  https://myanmarlearner.com/2022/01/27/mba-subjects-requirements-forms-and-costs/  မှာ တစ်စုတစ်စည်းတည်းဖော်ပြပေးလိုက်ပါတယ်။ ပြီးတော့ အားလုံးသိချင်နေကြတဲ့ MBA တက်ရင် ဘယ်လောက်ကုန်မလဲဆိုတာနဲ့ တခြားအခွင့်အလမ်းစရိတ်တွေကိုပါ ချိန်ဆလို့ရအောင် တင်ပြပေးလိုက်ပါတယ်။

MBA သင်ကြားပုံ

စာသင်ရုံသက်သက်ဆို MBA လာတက်ဖို့ မသင့်တော်ပါဘူး။ MBA ဆိုတာ ကျောင်းမှန်မှန်တက်ပြီး စာကျက်ဖြေဖို့ဖွင့်ထားတဲ့အတန်းလည်း မဟုတ်ပါဘူး။ MBA မှာ သီအိုရီနဲ့လက်တွေ့ကို ချိတ်ဆက်ထားတာမို့လို့ ကိုယ်တစ်ဦးတည်းသီးသန့်နေလို့မရဘဲ အဖွဲ့လိုက်ဆွေးနွေးလုပ်ဆောင်ရတာတွေ ရှိပါတယ်။ ကြက်တူရွေးလို နုတ်တိုက်အာဂုံဆောင်ကျက်တာမျိုး မလုပ်ဘဲ ဖြစ်ရပ်တွေကို လေ့လာတဲ့ Case studies မျိုးတွေ လုပ်ရပါတယ်။ လိုအပ်ရင် လိုအပ်သလို Field trip တွေ ထွက်ရပါတယ်။ ပြင်ပက ဆရာတွေနဲ့ Seminar ဟောပြောပွဲတွေလည်း တက်ရပါတယ်။ Project တွေလည်း လုပ်ရသလို Research လည်း ထိုက်သင့်သလောက် လုပ်ရပါတယ်။ MBA မှာ Networking ဟာလည်း အရေးကြီးတာမို့ ဒီအချက်ကြောင့်လည်း MBA ဘွဲ့ရ ၃၀၀၀ ကျော်ဟာ အချင်းချင်းချိတ်ဆက်ဆောင်ရွက်နေကြပါတယ်။

MBA အမျိုးအစားများ

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ အခြားစီးပွားရေးတက္ကသိုလ်တွေလိုပဲ

  1. အချိန်ပြည့်တက်ရတဲ့ Full-time MBA
  2. စီမံခန့်ခွဲရေးအတွေ့အကြုံရှိသူတွေအတွက် အချိန်ပိုင်းတက်ရတဲ့ Executive MBA နဲ့
  3. အွန်လိုင်းကနေ တက်လို့ရတဲ့ Online MBA ဆိုပြီး MBA အမျိုးအစား ၃မျိုးရှိပါတယ်။

 

MBA ဝင်ခွင့်အတွက် လိုအပ်ချက်များ

ဒီနေရာမှာ MBA အမျိုးအစားအလိုက် လိုအပ်ချက်တွေ မတူလို့ တစ်ခုချင်းစီကို သီးသန့်ရေးပါမယ်။

အချိန်ပြည့်တက်ရတဲ့ Full-time MBA

  • အစိုးရအသိအမှတ်ပြုတက္ကသိုလ်မှဘွဲ့ (ဘယ်မေဂျာနဲ့မဆို တက်လို့ရပါတယ်)
  • လုပ်ငန်းအတွေ့အကြုံ ၂နှစ် (မန်နေဂျာအဆင့်အထိဖြစ်ဖို့ မလိုသေးပါဘူး)
  • Graduate Management Admission Test (GMAT) လိုမျိုး အင်္ဂလိပ်စာ၊ သင်္ချာနဲ့ Logic လို့ အလွယ်ခေါ်‌နေကြတဲ့ Critical Reasoning စတဲ့ ရေးဖြေစာမေးပွဲတွေကို ဖြေဆိုအောင်မြင်မှု (GMAT လောက်မခက်ပါဘူး။ GMAT ကို MyanmarLearner.Com  မှာ အလွယ်တကူလေ့လာလို့ရအောင်လည်း စီစဥ်နေပါတယ်။)
  • အလုပ်က အထက်လူကြီးရဲ့ သင်တန်းတက်ဖို့ ခွင့်ပြုကြောင်းထောက်ခံချက်နဲ့ ကိုယ်တတ်ခဲ့တဲ့ကျောင်းက ဘွဲ့ရကြောင်းထောက်ခံချက် (အဲဒီထောက်ခံစာတွေကို ဘယ်လိုယူရမှန်း မသိဘဲ နားလည်မှုလွဲတတ်ကြလွန်းလို့ အဲဒီအကြောင်းကို အသေးစိတ်ရေးပါဦးမယ်။ MyanmarLearner.Com မှာ အရင်ကလည်း ရေးဖူးပါတယ်။)
  • နှုတ်ဖြေအင်တာဗျူးဖြေဆိုအောင်မြင်မှု
  • အချိန်ပြည့်တက်ရောက်နိုင်မှု
  • အခြားတက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေသူဆိုရင် သင်တန်း၂ခုကို ပြိုင်တူတက်လို့မရပါဘူး။ (ဘွဲ့လက်မှတ်ရရင် ပြီးရောဆိုပြီး သင်တန်း၂ခုကို ပြိုင်တူတက်နေတာ အတိုင်ခံရလို့ အရေးယူခံရသူတွေလည်း ရှိပါတယ်)

စီမံခန့်ခွဲရေးအတွေ့အကြုံရှိသူတွေအတွက် အချိန်ပိုင်းတက်ရတဲ့ Executive MBA

  • အစိုးရဝန်ထမ်းဆိုရင် ပြန်တမ်းဝင်အရာရှိအဆင့် ဒါမှမဟုတ် ကုမ္ပဏီဝန်ထမ်းဆိုရင် လက်အောက်ဝန်ထမ်းကို စီမံခန့်ခွဲရတဲ့ မန်နေဂျာလို အတွေ့အကြုံ ၈နှစ်လိုပါတယ်။ ကိုယ်ပိုင်စီးပွားရေးဆိုလည်း ဝန်ထမ်းကို စီမံခန့်ခွဲတဲ့လုပ်သက် ၈နှစ်နဲ့အထက်ရှိရင် ရပါတယ်။ (ဒီနေရာမှာ Executive ဆိုတာ သူများကို စီမံခန့်ခွဲပေးရတဲ့သူလို့ ဆိုလိုပါတယ်။ Executive Assistant လို အမှုဆောင်လူကြီးရဲ့လက်ထောက်အဆင့်ဆို အကျုံးမဝင်ပါဘူး။ တချို့အလုပ်တွေမှာတော့ လုပ်ငန်းခွင်အခေါ်အဝေါ်တွေကွဲနိုင်ပေမယ့် ကိုယ်က ဝန်ထမ်းတွေကို စီမံခန့်ခွဲပေးရသူဆိုရင် Executive အဆင့်လို့ သတ်မှတ်နိုင်ပါတယ်။ အလွယ်ပြောရရင် ကိုယ့်အောက်မှာ ဝန်ထမ်းတစ်ယောက်မှ မအုပ်ချုပ်ရရင် Executive အဆင့်လို့ မဆိုနိုင်သေးပါဘူး။)
  • အသက်ကလည်း ၃၀ပြည့်ပြီးဖြစ်ရပါမယ်။
  • ကျန်တာတော့ Full-time MBA နဲ့ လိုအပ်ချက်တွေနဲ့အတူတူပါပဲ။
  • Executive MBA ရဲ့အားသာချက်ကတော့ လုပ်ငန်းအတွေ့အကြုံရှိသူချင်း ဆွေးနွေးတိုင်ပင်ခွင့်ရတာပါပဲ။

အွန်လိုင်းကနေ တက်လို့ရတဲ့ Online MBA

  • အစိုးရဝန်ထမ်းဆိုရင် ပြန်တမ်းဝင်အရာရှိအဆင့် ဒါမှမဟုတ် ကုမ္ပဏီဝန်ထမ်းဆိုရင် လက်အောက်ဝန်ထမ်းကို စီမံခန့်ခွဲရတဲ့ မန်နေဂျာလို အတွေ့အကြုံ ၅နှစ်လိုပါတယ်။ (Executive သတ်မှတ်ချက်ကို Full-time MBA မှာ ပြန်ဖတ်ပါ)
  • အသက်ကလည်း ၂၅နှစ်ပြည့်ပြီးဖြစ်ရပါမယ်။
  • ကျန်တာတော့ Full-time MBA နဲ့ လိုအပ်ချက်တွေ တူပါတယ်။
  • (ခုနောက်ပိုင်း နေပြည်တော်၊ မုံရွာနဲ့ မိတ္ထီလာက စီးပွားရေးတက္ကသိုလ်တွေမှာ ဝင်ခွင့်ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးနေတာမျိုးလည်း တွေ့ရတာမို့ ကိုယ်တက်မယ့်ကျောင်းရဲ့လိုအပ်ချက်ကို ဝင်ခွင့်ခေါ်တဲ့အချိန်မှာ သေချာဖတ်ပါ)

MBA အတွက် လုပ်ငန်းခွင်နဲ့ပညာရေးထောက်ခံစာ

  • အထက်လူကြီးရဲ့ သင်တန်းတက်ဖို့ ခွင့်ပြုကြောင်းထောက်ခံချက်တောင်းတာကတော့ တချို့အလုပ်တွေက အလုပ်လုပ်ရင်း ကျောင်းတက်တာမျိုးကို ခွင့်မပြုတာမျိုးလည်းရှိလို့ ကျောင်းတက်ရင်း ကျောင်းထွက်လိုက်ရတာတွေလည်း ရှိလို့ပါ။
  • ကိုယ်တတ်ခဲ့တဲ့ကျောင်းက ဘွဲ့ရကြောင်းထောက်ခံချက် (ပညာရေးထောက်ခံချက်ဆိုလို့ ကိုယ့်ကိုသင်ပေးခဲ့တဲ့ ဆရာမတွေနဲ့သိမှ ကိုယ့်အတွက် ထောက်ခံချက်ရေးပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ်ဒီတက္ကသိုလ်က အမှန်တကယ်ဘွဲ့ရခဲ့ကြောင်း သက်သေခိုင်လုံဖို့ တောင်းတဲ့စာမို့လို့ ဘယ်တုန်းကတက်ခဲ့တဲ့တက္ကသိုလ်ဖြစ်ဖြစ် ကိုယ်နဲ့အသိရှိရှိ/မရှိရှိ ကျောင်းမှာ သွားတောင်းလို့ရပါတယ်။ ပညာရေးထောက်ခံစာဆိုလို့ ကိုယ်နဲ့သိတဲ့ဆရာမက ကိုယ့်အရည်အချင်းကို အမွှန်းတင်လွန်းတဲ့စာမျိုးမဟုတ်ဘဲ ဘွဲ့ရရှိခဲ့ကြောင်း အထောက်အထားကို ခိုင်ခိုင်လုံလုံပြဖို့ပါ။ အဝေးသင်ဘွဲ့တွေလည်း သက်ဆိုင်ရာဋ္ဌာနမှာ သွားတောင်းလို့ရပါတယ်။)

MBA သင်တန်းအချိန်

Full-time MBA တွေကတော့ တနင်္လာကနေ သောကြာအထိ ကျောင်းချိန်အတိုင်း အချိန်ပြည့်တက်ရပါမယ်။

Executive MBA တွေကတော့ အလုပ်တစ်ဖက်နဲ့သူတွေအတွက် ဖွင့်လှစ်ထားတဲ့သင်တန်းမို့လို့ ရုံးချိန်ပြင်ပဖြစ်တဲ့ တနင်္လာကနေ သောကြာအထိ ညနေ ၆နာရီကျော်ကနေ ၈နာရီအထိ တက်ရပါတယ်။ စနေမှာတော့ နေ့လယ် ၁နာရီကနေ ၃နာရီအတွင်း တက်ရလေ့ရှိပါတယ်။ စနေမှာတော့ အချိန်အပြောင်းအလဲရှိနိုင်ပါတယ်။

Online MBA ကတော့ ကျောင်းလာတက်စရာမ‌လိုဘဲ အွန်လိုင်းကနေ လေ့လာလို့ရပါတယ်။ (တခြား MBA တန်းတွေမှာ လာလေ့လာလို့ရပေမယ့် ဘယ်သူမှလည်း တကူးတက မလာကြပါဘူး။)

MBA မှာ ဘာတွေသင်လဲ။

MBA ပထမနှစ်မှာ မသင်မဖြစ်သင်ရတဲ့ အဓိကဘာသာရပ် ၁၂ခုရှိပြီး ဒုတိယနှစ်မှာ ကိုယ့်စိတ်ကြိုက်ရွေးချယ်တတ်လို့ရတဲ့ ဘာသာရပ်တွေလည်း ရှိပါတယ်။ တကယ်တမ်းတော့ သင်မယ့် ဆရာရှားပါးလို့ ဘာသာရပ်အများစုကို စိတ်ကြိုက်ရွေးချယ်ရတာမျိုးထက် ကျောင်းက သင့်တော်မယ်ထင်တဲ့ဘာသာရပ်တွေကို သင်ကြားပို့ချကြတာများပါတယ်။ အရင်ကတော့ MBA ဘာသာရပ်တွေကို စာသင်နှစ်ချည်းပဲ ၂နှစ်ဆက်တိုက် သင်ကြားခဲ့ပေမယ့် ၂၀၁၈ နောက်ပိုင်းမှာတော့ စာသင်နှစ်ကို ၁နှစ်ခွဲအထိ ချုံ့လိုက်တာမို့ ဘာသာရပ်စုစုပေါင်း ၁၈ခုသာ သင်ပါတော့တယ်။ ကျန်တဲ့ဒုတိယနှစ်ဝက်ကတော့ Thesis အတွက် ကျမ်းပြုဖို့ပြင်ဆင်ကြရတာပေါ့။

ပထမနှစ်မှာ မသင်မဖြစ်သင်ရမယ့် Core Subjects အဓိကဘာသာရပ်များ

  • MBA-111 General Management
  • MBA-112 Management Accounting
  • MBA-113 Macroeconomic Environment
  • MBA-114 Legal Framework for Business
  • MBA-121 Production & Operations Management
  • MBA-122 Financial Management
  • MBA-123 Mathematics & Statistics for Management
  • MBA-124 Marketing Management
  • MBA-131 Strategic Management
  • MBA-132 Entrepreneurship & Small Business Management
  • MBA-133 Management Information Systems & E-Business
  • MBA-134 Human Resource Management

ဒုတိယနှစ်မှာ Elective Subjects စိတ်ကြိုက်ရွေးချယ်နိုင်တယ်ဆိုတဲ့ ဘာသာရပ်များ

  • MBA-211 International Business Management
  • MBA-212 Banking & Financial Institutions
  • MBA-213 Service Management
  • MBA-214 Managerial Economics
  • MBA-215 Organization Behavior
  • MBA-216 Consumer Behavior
  • MBA-217 Business Communication
  • MBA-221 Business Ethics
  • MBA-222 Change Management
  • MBA-223 Logistics & Supply Chain Management
  • MBA-224 Customer Relationship Management
  • MBA-225 Capital Markets
  • MBA-226 Organizational Design & Development
  • MBA-227 Marketing Research
  • MBA-228 Insurance

EMBA 17th batch ဒုတိယနှစ်မှာ သင်ခဲ့ရတဲ့ ဘာသာရပ် ၆ခုကတော့

  1. MBA-211 International Business Management
  2. MBA-216 Consumer Behavior
  3. MBA-222 Change Management
  4. MBA-223 Logistics & Supply Chain Management
  5. MBA-226 Organizational Design & Development
  6. MBA-227 Marketing Research

MBA အတွက် Thesis လို/မလို

တချို့နိုင်ငံတွေမှာ အထူးသဖြင့် ကျောင်းစရိတ်ကြီးလို့ စာသင်နှစ်ကို တစ်နှစ်တည်းနဲ့ကန့်သတ်လိုက်ပြီး Thesis မလုပ်ခိုင်းတော့တာတွေလည်း ရှိပါတယ်။ နောင်တစ်ချိန်မှာ PhD လို Doctorate အဆင့်အထိသွားချင်တာလား၊ ကိုယ်ယူမယ့်ဘွဲ့မှာ Thesis က အရေးပါလားဆိုတာတွေကတော့ ကိုယ်တက်မယ့်ကျောင်းရဲ့မူဝါဒနဲ့ပတ်သတ်လို့ ကိုယ့်ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မဟာဘွဲ့ဆိုရင် Thesis လိုတယ်ဆိုတဲ့အယူအဆရှိပါတယ်။ ဟိုးအရင်ကတော့ Thesis အဆင့်အထိမဟုတ်ဘဲ ရိုးရိုးစာတမ်းတင်တာနဲ့လည်း လက်ခံခဲ့ကြတာလည်း ရှိပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်လို အချိန်နဲ့ငွေရှားပါးလာတဲ့ခေတ်ကြီးမှာ သင်ရိုးတွေကိုလည်း ခေတ်နဲ့အညီပြုပြင်ပြောင်းလဲဖို့လိုအပ်လာပါတယ်။ လက်တွေ့မှာ Thesis ကို ဘာကြောင့်လို/မလို ဆိုတာကတော့ MBA အကြောင်းသိကောင်းစရာစာအုပ်မှာ ပါမောက္ခတွေက အသေးစိတ်ဆွေးနွေးတင်ပြထားပါတယ်။

MBA တက်ရင် ဘယ်လောက်ကုန်မလဲ။

တချို့က MBA တက်ရင် သိန်း ၅၀ကနေ ရာချီကုန်တယ်ပြောပါတယ်။

တချို့ကလည်း သိန်း ၂၀တောင် မကုန်ပါဘူးလို့ပြောပါတယ်။

ဘယ်သူမှန်လဲဆိုရင် အားလုံးပြောတာမှန်ပါတယ်။

ဒီနေရာမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ကိုယ်တိုင် Executive MBA တက်ခဲ့တဲ့ ကျနော့်အတွေ့အကြုံအရ အခြေခံပြီးပြောပါမယ်။

ပုံမှန်အားဖြင့် ကျောင်းလခက ၁လ ၂သောင်းပါ။

စာအုပ်စာတမ်းကြေးက ပျမ်းမျှ ၁လမှ ၁သောင်းလောက်ပါ။

MBA မှာ ကျောင်းတွင်းနဲ့ပြင်ပ လှုပ်ရှားမှုတွေအတွက် အတန်းရန်ပုံငွေဆိုပြီး ၁လ ၅သောင်းစီထည့်တာ ရှိပါတယ်။ (ဒါကတော့ ကျောင်းက ကောက်ခိုင်းတာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ အားကစားပွဲနဲ့ မိတ်ဆုံစားပွဲဆိုတာမျိုးတွေအတွက် ကောက်တာပါ။ မထည့်လို့လည်းရတယ်ဆိုပေမယ့် အားလုံးလိုလို ထည့်ကြပါတယ်)

ပြီးတော့ ကျနော်တို့ ကျောင်းစာအပြင် ပြင်ပလှုပ်ရှားမှုလေးတွေလုပ်ဖို့ အဖွဲ့လေးတွေခွဲထားပြီး ကိုယ့်အုပ်စုအလိုက် ၁လကို သောင်းဂဏန်းလောက် ထည့်ကြတာလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အုပ်စုနဲ့ကိုယ်သုံးသလောက်ကုန်တာမို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူနိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် ကျောင်းတက်ရင် တစ်လကို သိန်းဂဏန်းတော့ ကုန်ပါတယ်။

Online MBA ကတော့ အကုန်အကျပိုသက်သာနိုင်ပါတယ်။

ဒါဆို တချို့က ဘာလို့အများကြီးကုန်တယ်ပြောတာလဲဆိုတော့ သူတို့သုံးနိုင်သလောက်သုံးလို့ကုန်တာလို့ပဲ အလွယ်ပြောပါရစေ။ တချို့က ဘောစိတွေဆိုတော့ အတန်းထဲမှာ လှူချင်တန်းချင်လို့ ခဏခဏဒကာခံပါတယ်။ တချို့အဖွဲ့တွေကျတော့ အဖွဲ့ရန်ပုံငွေကို ကိုယ့်အချင်းချင်းသဘောတူညီချက်နဲ့ အတော်သုံးကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ပိုကုန်ကြတာပါ။ ဒီလောက်ဆိုရင် MBA တက်ရင် ဘယ်လောက်ကုန်လဲ ခန့်မှန်းနိုင်မယ်ထင်ပါတယ်။

ဒီနေရာမှာ ကျောင်းစရိတ်ထဲမှာ ကျောင်းလာလို့ လက်လွှတ်လိုက်ရတဲ့ တခြား Opportunity Cost တွေကိုတော့ ထည့်မတွက်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလိုအခွင့်အလမ်းစရိတ်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမှ တူနိုင်ကြမှာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ကျောင်းတတ်မယ်လို့ ဆုံးဖြတ်လိုက်ရင် ကိုယ့်ရဲ့နားနေချိန်တွေကအစ မိသားစုနဲ့အလုပ်ကိစ္စတချို့ကိုပါ လက်လွှတ်လိုက်ရမှာကိုတော့ ကြိုတင်တွက်ဆထားရပါမယ်။

ကိုးကား – http://www.myanmaronlinemba.com/WebAccess/course.html

MBA လျှောက်လွှာဖောင်များ၊ ထောက်ခံစာဖြည့်စွက်လျှောက်လွှာများနှင့် လမ်းညွှန်ချက်များကို https://myanmarlearner.com/2022/01/19/mba-application-form မှာ အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Let’s learn MBA and related studies!

MBA နဲ့ အခြားသိကောင်းစရာတွေကို Myanmar Learner ရဲ့ Website Facebook နဲ့ YouTube မှာပါ လေ့လာနိုင်ပါပြီ။ MBA အကြောင်းသိကောင်းစရာ

  • “MBA အကြောင်းသိကောင်းစရာ” #MBAbook စာအုပ်ကို ၅၀၀၀ ကျပ်နဲ့ com နှင့် Facebook page မှာ ကြိုတင်ပေးပို့မှာယူနိုင်ပါတယ်။
  • MBA ဝင်ခွင့်ကစလို့ Thesis စာတမ်းရေးသားပြီး ဘွဲ့ရတဲ့အထိ ဆောင်ရန်/ရှောင်ရန်တွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပါမောက္ခဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေက မေတ္တာနဲ့ ဖြေကြားထားပါတယ်။
  • Please fill the form if you want to order “About MBA” book with 5000 Myanmar Kyat at the begining of 2021.
  • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ၂၀၂၁ နှစ်ဆန်းပိုင်းတွင် မြန်မာကျပ် ၅၀၀၀ ဖြင့် အော်ဒါမှာယူလိုပါက အောက်ပါဖောင်ကို ဖြည့်ပါ။

How to order “About MBA” book!

  • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ဘယ်လိုအော်ဒါမှာယူနိုင်မလဲ။

 

𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 “𝐀𝐛𝐨𝐮𝐭 𝐌𝐁𝐀” 𝐛𝐨𝐨𝐤?

“𝐌𝐁𝐀 အကြောင်း သိကောင်းစရာ” စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?

“MBA အကြောင်းသိကောင်းစရာ” စာအုပ်မိတ်ဆက်

“MBA အကြောင်းသိကောင်းစရာ” စာအုပ်အင်တာဗျူး

 

 

  • MBA ကို ဘယ်လိုလူတွေ တက်သင့်လဲ။
  • ပါမောက္ခဒေါက်တာအောင်ထွန်းသက်။

https://www.facebook.com/MyanmarLearners7/posts/129435908851110

  • 𝙈𝘽𝘼 ကို ဘယ်လိုလူတွေ မတက်သင့်ဘူးလဲ။
  • 𝘿𝙧. တင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

https://www.facebook.com/MyanmarLearners7/posts/212459550548745

  • MBA အတုဆိုတာ ဘာလဲ။
  • ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) Tin Win

https://www.facebook.com/MyanmarLearners7/posts/197184812076219

  • 𝘿𝙤𝙘𝙩𝙤𝙧𝙖𝙩𝙚 𝙊𝙥𝙥𝙤𝙧𝙩𝙪𝙣𝙞𝙩𝙮 𝙛𝙤𝙧 Myanmar Learners
    • 𝘿𝙧. တင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

https://www.facebook.com/MyanmarLearners7/posts/199947865133247

  • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ဘယ်လိုအော်ဒါမှာယူနိုင်မလဲ။

https://www.facebook.com/MyanmarLearners7/videos/229677345409281/

  • 𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 “𝐀𝐛𝐨𝐮𝐭 𝐌𝐁𝐀” 𝐛𝐨𝐨𝐤?
  • “𝐌𝐁𝐀 အကြောင်း သိကောင်းစရာ” စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?
  • ဥပဒေပညာရှင် ဆရာဦးမောင်မောင်

https://www.facebook.com/MyanmarLearners7/videos/242154947255997/

  • “𝐌𝐁𝐀 အကြောင်းသိကောင်းစရာ” စာအုပ်မှာ ဘာတွေပါလဲ။ဘယ်သူတွေဖတ်သင့်လဲ။
  • 𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 𝐭𝐡𝐢𝐬 𝐌𝐁𝐀 𝐛𝐨𝐨𝐤 𝐚𝐧𝐝 𝐰𝐡𝐚𝐭 𝐚𝐫𝐞 𝐢𝐧𝐬𝐢𝐝𝐞?

https://www.facebook.com/MyanmarLearners7/posts/199780915149942

  • How to pass #MBA entrance? MBA ဝင်ခွင့်ကို ဘယ်လိုဖြေရမလဲ။
  • MBA program ဌာနမှူး (ငြိမ်း) ဒေါ်လှမြင့်

https://www.facebook.com/MyanmarLearners7/videos/627014994606980/

  • 𝙈𝘽𝘼 ဝင်ခွင့်ဘာလို့ကျလေ့ရှိတာလဲ။
  • ပါမောက္ခဌာနမှူး 𝘿𝙧. နုနုလွင်

https://www.facebook.com/MyanmarLearners7/posts/213280257133341

  • Do we need MBA? MBA လိုလို့လား။
  • ဒေါက်တာထွန်းသူရသက်၊ Myanmar Information Technology တည်ထောင်သူ/ဥက္ကဌ။ ။

https://www.facebook.com/MyanmarLearners7/posts/134770271651007

  • Who should attend EMBA? Executive MBA ကို ဘယ်လိုလူတွေ တက်သင့်တယ်လို့မြင်လဲ။
  • ဦးအောင်သူရနိုင်၊ Managing Director, T.E.S Myanmar

https://www.youtube.com/watch?v=XkVZ-arUrq4

  • MBA Opportunity Cost
  • ‌‌ဒေါ်နှင်းကေသရာ Talent & Technology MD

https://www.facebook.com/MyanmarLearners7/videos/314485996554708/

  • MBA, EMBA နဲ့ OMBA ဘာကွာလဲ။
  • Com

https://www.facebook.com/MyanmarLearners7/posts/146993407095360

  • Why is law learned in MBA? MBA မှာ ဘာလို့ဥပဒေကို သင်ရတာလဲ။
  • ဥပဒေပညာရှင် ဆရာဦးမောင်မောင်

https://www.facebook.com/MyanmarLearners7/videos/1675980592558573/

  • ကျောင်းသင်ခန်းစာအဖြေတွေကို အွန်လိုင်းမှာ ဘယ်လိုရှာမလဲ။
  • Com

https://www.facebook.com/MyanmarLearners7/posts/154933632968004

  • Mba ကို အွန်လိုင်းကနေ လေ့လာချင်သူတွေအတွက် app

https://www.facebook.com/MyanmarLearners7/posts/157459076048793

  • MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို အိမ်အရောက်ငွေချေစနစ်ဖြင့် စာအုပ်ဖိုး ၅၀၀၀ ဖြင့် အော်ဒါမှာယူလိုပါက

https://www.facebook.com/MyanmarLearners7/posts/192888785839155

  • MBA အကြောင်းသိကောင်းစရာစာအုပ်” မှ ကောက်နုတ်ချက်များ

https://www.facebook.com/MyanmarLearners7/posts/193528182441882

  • MBA ဆိုင်ရာအမေးများဆုံးမေးခွန်းများ
  • Com

https://www.facebook.com/110366037424764/posts/196715395456494/?sfnsn=mo

  • Thesis ကို ဘယ်ကစလို့ ဘယ်လိုရေးရမလဲ။
  • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

https://www.youtube.com/watch?v=SGF_e1Ku4VE

  • Thesis အကြောင်းသိကောင်းစရာ အပိုင်း ၁
  • ဒေါ်နုနုလွင်

https://www.facebook.com/MyanmarLearners7/posts/110809880713713

  • ဘာကြောင့် Thesis လိုတာလဲ။ ပါမောက္ခဌာနမှူး
  • ဒေါ်နုနုလွင်

https://www.facebook.com/MyanmarLearners7/videos/306596143826475/

  • Dos and Don’ts for #thesis မှားတက်သည့်အမှားများနှင့် ဆောင်ရန်၊ ရှောင်ရန်
  • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

https://www.facebook.com/MyanmarLearners7/videos/564265927575520/

  • How to write without Plagiarism? Part 1 စာကူးချတာမျိုးမဖြစ်အောင် ဘယ်လိုရေးရမလဲ။ အပိုင်း ၁
  • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

https://www.facebook.com/MyanmarLearners7/videos/599222614062408/

  • MBA မတက်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

https://myanmarlearner.com/2021/12/24/what-to-prepare-before-mba

  • ကိုယ်နဲ့ ကိုက်ညီတဲ့ MBA Program မျိုးကို ဘယ်လို ရွေးချယ်ရမလဲ။

https://myanmarlearner.com/2021/12/24/how-to-choose-mba-program/

  • MBA အကြောင်းသိကောင်းစရာစာအုပ်မိတ်ဆက်

https://myanmarlearner.com/2021/12/24/mba-book-interview/

  • 𝙈𝘽𝘼အကြောင်းသိကောင်းစရာ #𝙈𝘽𝘼𝙗𝙤𝙤𝙠 စာအုပ်ကို ဝယ်ယူအားပေးတဲ့သူတွေအတွက် #𝙇𝙪𝙘𝙠𝙮7𝙋𝙧𝙚𝙨𝙚𝙣𝙩𝙨 လက်ဆောင် ၇မျိုး

https://www.facebook.com/MyanmarLearners7/videos/233551234875652/

  • VIP member opportunities for MBA Learners

https://www.facebook.com/MyanmarLearners7/videos/2916246985323241/

  • စာဖတ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “𝙈𝘽𝘼 အကြောင်း သိကောင်းစရာ” စာအုပ် ထွက်ပါပြီ။

https://www.facebook.com/MyanmarLearners7/posts/215761443551889

  • စာဖတ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “𝙈𝘽𝘼 အကြောင်း သိကောင်းစရာ” စာအုပ် ထွက်ပါပြီ။

https://www.facebook.com/MyanmarLearners7/posts/215761443551889

 

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!