fbpx

About

MBA ဝင်ခွင့်မှစ၍Thesis စာတမ်းရေးသား၍ ဘွဲ့ရသည်အထိဆောင်ရန်/ရှောင်ရန်များကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများက မေတ္တာဖြင့် ဖြေကြားထားသည်။

“MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို MBA (Master of Public Administration) အကြောင်းမသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ဝေတာပါ။

ဘာလို့လည်းဆိုတော့ ကိုယ့်လို MBA တက်ချင်ပြီး ဘယ်ကစစုံစမ်းရမှန်းမသိတဲ့သူတွေ၊ ကိုယ်နဲ့ကိုက်ညီမယ့် MBA အမျိုးအစားတွေကအစ၊ Thesis အဆုံး ဘယ်လိုဖြေဆိုရမလဲဆိုတာတွေကို ကိုယ်တိုင်အချိန်ကုန်ခံပြီး တွေ့ဆုံမေးမြန်းဖို့မလိုဘဲ အများစုသိချင်နေကြတဲ့ အဖြေတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

MBA ဝင်ခွင့်အတွက် GMAT (Graduate Management Admission Test) လို ‌ရေးဖြေမှာ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ Critical Reasoning လို့ခေါ်တဲ့ ဆန်းစစ်ဝေဖန်ဆင်ခြင်ရမယ့်ပုစ္ဆာတွေကို ဖြေဆိုရတာတွေကအစ၊ လူတွေ့အင်တာဗျူးမှာ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေကိုပါ ရန်ကုန်စီးပွားရေးတက္ကသိုလ် MBA သင်တန်းမှာ လက်တွေ့သင်ကြားနေတဲ့ ပါမောက္ခတွေနဲ့ ဝင်ခွင့်ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေနဲ့ အကြံပြုချက်တွေကိုပါ မျှဝေထားပါတယ်။

MBA ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ MBA ဘာလဲ၊ ဘယ်လဲဆိုတာကအစ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ လက်ရှိသင်ကြားဖွင့်လှစ်နေတဲ့ MBA, Online MBA နဲ့ Executive MBA အမျိုးအစားတွေနဲ့ နောင်တစ်ချိန် မြန်မာနိုင်ငံမှာ ကျောင်းသားတွေအတွက် ဖွင့်လှစ်နိုင်တော့မယ့် DBA (Doctor of Business Administration) ဒေါက်တာဘွဲ့၊ တစ်နည်းအားဖြင့် ပါရဂူဘွဲ့အကြောင်းတွေအဆုံး အားလုံးကို ပါမောက္ခချုပ်ကစလို့ ပညာရပ်ဆိုင်ရာ ပါမောက္ခ ဆရာကြီး/ဆရာမကြီးတွေ၊ ကျောင်းသူ/ကျောင်းသားတွေနဲ့လည်း တွေ့ဆုံမေးမြန်းထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက MBA ကို ဘယ်လိုလူတွေတက်သင့်လဲဆိုတာထက် ဘယ်လိုလူတွေ မတက်သင့်ဘူး ဆိုတာရယ်၊ တကယ်တက်ဖြစ်ရင်လည်း ကိုယ့်ဘက်က ပြန်ပေးရမယ့် Opportunity Cost လို့ လူသိများတဲ့ အခွင့်အလမ်းစရိတ်တွေဖြစ်တဲ့ အချိန်၊ ငွေ၊ မိသားစု၊ အလုပ်နဲ့ ဘဝတက်လမ်းတွေကို Balance မျှအောင် ချိန်ညှိရမှာတွေကိုပါ အကြံပြုထားပါတယ်။

MBA တက်ဖို့ ကိုယ်ဘယ်လောက်တော်တယ်၊ မတော်ဘူးဆိုတာထက် ကိုယ်နဲ့ဘယ်လောက်ကိုက်ညီလဲဆိုတာကို ကျောင်းဘက်ကရော ကျောင်းသားဘက်ကပါ စိစစ်ရပုံတွေကိုလည်း အပိုဆောင်းဖော်ပြထားပါတယ်။

MBA လာတက်ကြတဲ့သူတွေမှာ နောက်ထပ်အရေးကြီးတဲ့ အချင်းချင်းကွန်ရက်ချိတ်ဆက်လှုပ်ရှားမှုတွေကို နိုင်ငံတစ်ဝန်းက လုပ်ငန်းပေါင်းများစွာမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က MBA ဘွဲ့ရ ၃၀၀၀ ကျော်က MBA Society မှာ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေကြလဲဆိုတာလည်း တွေ့နိုင်ပါတယ်။

ဒါ့အပြင် အစိုးရတက္ကသိုလ်တွေမှာ မဟာဘွဲ့ယူမယ့်သူတွေအနေနဲ့ မဖြစ်မနေလုပ်ရတဲ့ Thesis အတွက် သာမက အပြင်မှာ သုတေသနပြုစုနေတဲ့သူတွေအတွက်ပါ လက်တွေ့အသုံးဝင်မယ့် စာတမ်းပြုစုဖို့ စဥ်းစားပုံကအစ၊ ဆောင်ရန်/ရှောင်ရန်တွေအပါအဝင် စာတမ်းရေးသားပုံအဆင့်ဆင့်ကို အကဲဖြတ်တဲ့ ပါမောက္ခဆရာကြီး/ဆရာမကြီးတွေရဲ့ အကြံပြုချက်တွေနဲ့ လေ့လာနိုင်ပါတယ်။

ဒါ့အပြင် အစိုးရကျောင်းတွေမှာသင်တဲ့ MBA၊ ပုဂ္ဂလိကကျောင်းတွေကသင်တဲ့ MBA၊ နိုင်ငံတကာမှာသင်တဲ့ MBA ကစလို့ Mini MBA, Micro MBA, Kid MBA နဲ့ MBA အတုတွေအဆုံး အကုန်လုံးကို ခြုံငုံမိအောင် ကြိုးစားထားပါတယ်။

ဒီလိုမတူကွဲပြားတဲ့ ကျောင်းတွေနဲ့ MBA အမျိုးအစားတွေကို သုံးသပ်တဲ့နေရာမှာ SWOT လို့ခေါ်တဲ့ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကိုလည်း သက်ဆိုင်ရာပညာရှင်တွေက သုံးသပ်ဖော်ပြထားပါတယ်။

အသေးစိတ်ကို “MBA အကြောင်းသိကောင်းစရာ” စာအုပ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဒီအတွက်လည်း ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် အချိန်ပေးပြီး ဖြေကြား၊ ဖတ်ရှု၊ တည်းဖြတ်ပေးကြတဲ့ ဆရာကြီး/ဆရာမကြီးတွေအပါအဝင် ကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။

နောက်လည်း အခါသင့်လို့ အခွင့်သာတဲ့အခါ Learners ထုတ်ဝေရေးက ပညာရပ်ဆိုင်ရာစာစောင်တွေကို ထုတ်ဝေသွားပါဦးမယ်။

ကျော်မိုးဟိန်း (EMBA)

Learners Publication

MyanmarLearner.Com

  •  

    Let’s learn MBA and related studies!

    MBA နဲ့ အခြားသိကောင်းစရာတွေကို Myanmar Learner ရဲ့ Website Facebook နဲ့ YouTube မှာပါ လေ့လာနိုင်ပါပြီ။ MBA အကြောင်းသိကောင်းစရာ

    • “MBA အကြောင်းသိကောင်းစရာ” #MBAbook စာအုပ်ကို ၅၀၀၀ ကျပ်နဲ့ com နှင့် Facebook page မှာ ကြိုတင်ပေးပို့မှာယူနိုင်ပါတယ်။
    • MBA ဝင်ခွင့်ကစလို့ Thesis စာတမ်းရေးသားပြီး ဘွဲ့ရတဲ့အထိ ဆောင်ရန်/ရှောင်ရန်တွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပါမောက္ခဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေက မေတ္တာနဲ့ ဖြေကြားထားပါတယ်။

    • Please fill the form if you want to order “About MBA” book with 5000 Myanmar Kyat at the begining of 2021.
    • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ၂၀၂၁ နှစ်ဆန်းပိုင်းတွင် မြန်မာကျပ် ၅၀၀၀ ဖြင့် အော်ဒါမှာယူလိုပါက အောက်ပါဖောင်ကို ဖြည့်ပါ။

    How to order “About MBA” book!

    • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ဘယ်လိုအော်ဒါမှာယူနိုင်မလဲ။

     

    𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 “𝐀𝐛𝐨𝐮𝐭 𝐌𝐁𝐀” 𝐛𝐨𝐨𝐤?

    “𝐌𝐁𝐀 အကြောင်း သိကောင်းစရာ” စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?

    “MBA အကြောင်းသိကောင်းစရာ” စာအုပ်မိတ်ဆက်

    “MBA အကြောင်းသိကောင်းစရာ” စာအုပ်အင်တာဗျူး

     

     

    • MBA ကို ဘယ်လိုလူတွေ တက်သင့်လဲ။
    • ပါမောက္ခဒေါက်တာအောင်ထွန်းသက်။

    https://www.facebook.com/MyanmarLearners7/posts/129435908851110

    • 𝙈𝘽𝘼 ကို ဘယ်လိုလူတွေ မတက်သင့်ဘူးလဲ။
    • 𝘿𝙧. တင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

    https://www.facebook.com/MyanmarLearners7/posts/212459550548745

    • MBA အတုဆိုတာ ဘာလဲ။
    • ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) Tin Win

    https://www.facebook.com/MyanmarLearners7/posts/197184812076219

    • 𝘿𝙤𝙘𝙩𝙤𝙧𝙖𝙩𝙚 𝙊𝙥𝙥𝙤𝙧𝙩𝙪𝙣𝙞𝙩𝙮 𝙛𝙤𝙧 Myanmar Learners
      • 𝘿𝙧. တင်ဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

    https://www.facebook.com/MyanmarLearners7/posts/199947865133247

    • “MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို ဘယ်လိုအော်ဒါမှာယူနိုင်မလဲ။

    https://www.facebook.com/MyanmarLearners7/videos/229677345409281/

    • 𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 “𝐀𝐛𝐨𝐮𝐭 𝐌𝐁𝐀” 𝐛𝐨𝐨𝐤?
    • “𝐌𝐁𝐀 အကြောင်း သိကောင်းစရာ” စာအုပ်ကို ဘယ်သူတွေ ဖတ်သင့်လဲ?
    • ဥပဒေပညာရှင် ဆရာဦးမောင်မောင်

    https://www.facebook.com/MyanmarLearners7/videos/242154947255997/

    • “𝐌𝐁𝐀 အကြောင်းသိကောင်းစရာ” စာအုပ်မှာ ဘာတွေပါလဲ။ဘယ်သူတွေဖတ်သင့်လဲ။
    • 𝐖𝐡𝐨 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐚𝐝 𝐭𝐡𝐢𝐬 𝐌𝐁𝐀 𝐛𝐨𝐨𝐤 𝐚𝐧𝐝 𝐰𝐡𝐚𝐭 𝐚𝐫𝐞 𝐢𝐧𝐬𝐢𝐝𝐞?

    https://www.facebook.com/MyanmarLearners7/posts/199780915149942

    • How to pass #MBA entrance? MBA ဝင်ခွင့်ကို ဘယ်လိုဖြေရမလဲ။
    • MBA program ဌာနမှူး (ငြိမ်း) ဒေါ်လှမြင့်

    https://www.facebook.com/MyanmarLearners7/videos/627014994606980/

    • 𝙈𝘽𝘼 ဝင်ခွင့်ဘာလို့ကျလေ့ရှိတာလဲ။
    • ပါမောက္ခဌာနမှူး 𝘿𝙧. နုနုလွင်

    https://www.facebook.com/MyanmarLearners7/posts/213280257133341

    • Do we need MBA? MBA လိုလို့လား။
    • ဒေါက်တာထွန်းသူရသက်၊ Myanmar Information Technology တည်ထောင်သူ/ဥက္ကဌ။ ။

    https://www.facebook.com/MyanmarLearners7/posts/134770271651007

    • Who should attend EMBA? Executive MBA ကို ဘယ်လိုလူတွေ တက်သင့်တယ်လို့မြင်လဲ။
    • ဦးအောင်သူရနိုင်၊ Managing Director, T.E.S Myanmar

    https://www.youtube.com/watch?v=XkVZ-arUrq4

    • MBA Opportunity Cost
    • ‌‌ဒေါ်နှင်းကေသရာ Talent & Technology MD

    https://www.facebook.com/MyanmarLearners7/videos/314485996554708/

    • MBA, EMBA နဲ့ OMBA ဘာကွာလဲ။
    • Com

    https://www.facebook.com/MyanmarLearners7/posts/146993407095360

    • Why is law learned in MBA? MBA မှာ ဘာလို့ဥပဒေကို သင်ရတာလဲ။
    • ဥပဒေပညာရှင် ဆရာဦးမောင်မောင်

    https://www.facebook.com/MyanmarLearners7/videos/1675980592558573/

    • ကျောင်းသင်ခန်းစာအဖြေတွေကို အွန်လိုင်းမှာ ဘယ်လိုရှာမလဲ။
    • Com

    https://www.facebook.com/MyanmarLearners7/posts/154933632968004

    • Mba ကို အွန်လိုင်းကနေ လေ့လာချင်သူတွေအတွက် app

    https://www.facebook.com/MyanmarLearners7/posts/157459076048793

    • MBA အကြောင်းသိကောင်းစရာ” စာအုပ်ကို အိမ်အရောက်ငွေချေစနစ်ဖြင့် စာအုပ်ဖိုး ၅၀၀၀ ဖြင့် အော်ဒါမှာယူလိုပါက

    https://www.facebook.com/MyanmarLearners7/posts/192888785839155

    • MBA အကြောင်းသိကောင်းစရာစာအုပ်” မှ ကောက်နုတ်ချက်များ

    https://www.facebook.com/MyanmarLearners7/posts/193528182441882

    • MBA ဆိုင်ရာအမေးများဆုံးမေးခွန်းများ
    • Com

    https://www.facebook.com/110366037424764/posts/196715395456494/?sfnsn=mo

    • Thesis ကို ဘယ်ကစလို့ ဘယ်လိုရေးရမလဲ။
    • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

    https://www.youtube.com/watch?v=SGF_e1Ku4VE

    • Thesis အကြောင်းသိကောင်းစရာ အပိုင်း ၁
    • ဒေါ်နုနုလွင်

    https://www.facebook.com/MyanmarLearners7/posts/110809880713713

    • ဘာကြောင့် Thesis လိုတာလဲ။ ပါမောက္ခဌာနမှူး
    • ဒေါ်နုနုလွင်

    https://www.facebook.com/MyanmarLearners7/videos/306596143826475/

    • Dos and Don’ts for #thesis မှားတက်သည့်အမှားများနှင့် ဆောင်ရန်၊ ရှောင်ရန်
    • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

    https://www.facebook.com/MyanmarLearners7/videos/564265927575520/

    • How to write without Plagiarism? Part 1 စာကူးချတာမျိုးမဖြစ်အောင် ဘယ်လိုရေးရမလဲ။ အပိုင်း ၁
    • ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်

    https://www.facebook.com/MyanmarLearners7/videos/599222614062408/

    • MBA မတက်ခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

    https://myanmarlearner.com/2021/12/24/what-to-prepare-before-mba

    • ကိုယ်နဲ့ ကိုက်ညီတဲ့ MBA Program မျိုးကို ဘယ်လို ရွေးချယ်ရမလဲ။

    https://myanmarlearner.com/2021/12/24/how-to-choose-mba-program/

    • MBA အကြောင်းသိကောင်းစရာစာအုပ်မိတ်ဆက်

    https://myanmarlearner.com/2021/12/24/mba-book-interview/

    • 𝙈𝘽𝘼အကြောင်းသိကောင်းစရာ #𝙈𝘽𝘼𝙗𝙤𝙤𝙠 စာအုပ်ကို ဝယ်ယူအားပေးတဲ့သူတွေအတွက် #𝙇𝙪𝙘𝙠𝙮7𝙋𝙧𝙚𝙨𝙚𝙣𝙩𝙨 လက်ဆောင် ၇မျိုး

    https://www.facebook.com/MyanmarLearners7/videos/233551234875652/

    • VIP member opportunities for MBA Learners

    https://www.facebook.com/MyanmarLearners7/videos/2916246985323241/

    • စာဖတ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “𝙈𝘽𝘼 အကြောင်း သိကောင်းစရာ” စာအုပ် ထွက်ပါပြီ။

    https://www.facebook.com/MyanmarLearners7/posts/215761443551889

    • စာဖတ်ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ “𝙈𝘽𝘼 အကြောင်း သိကောင်းစရာ” စာအုပ် ထွက်ပါပြီ။

    https://www.facebook.com/MyanmarLearners7/posts/215761443551889

error: Content is protected !!