fbpx

Who should attend MBA?

MBA ကို ဘယ်သူတွေ တက်သင့်လဲ။

Myanmar Learners ။ ။ MBA ကို ဘယ်လိုလူတွေ တက်သင့်သလဲလို့ ဆရာကြီး အကြံပေးချင်ပါသလဲ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။       ။ ပထမဆုံး ဆရာထင်တာက ဘယ်သူတက်သင့်တယ် ဆိုတာထက်ကို MBA ဆိုတာဘာလဲသိဖို့လိုတယ်။၅နှစ်ပြည့်သွားတယ်ဆိုပေမယ့် MBA ဆိုတာသိပ်သဘောမပေါက်ကြသေးဘူး။

တစ်ကမ္ဘာလုံးမှာ (၁၉၀၈ခုနှစ်) MBA ပထမဆုံးပေးတယ်လို့ လူသိများတာက Harvard Graduate School of Business Administration ၊ တကယ်က Dartmouth ကောလိပ်က  Harvard ထက်စောပြီး (၁၉၀၀ ပြည့်နှစ်) စီးပွားရေးဘွဲ့ပေးခဲ့တာ။ ဒီထက်စောတဲ့ စီးပွားရေးကျောင်းတွေလည်း ရှိတယ်။ (၁၈၁၉ခုနှစ်တွင် ကမ္ဘာ့ပထမဦးဆုံး ESCP စီးပွားရေးကျောင်းကို ပြင်သစ်မှာ ဖွင့်ခဲ့ပါတယ်။[1])

MBA စခဲ့တာက လုပ်ငန်းလုပ်တဲ့သူတွေအတွက်၊ စီးပွားရေးပညာ၊ လုပ်ငန်းခွင် စီမံအုပ်ချုပ်တဲ့ Business အတွက်ကို သီးခြားဘွဲ့လွန် ရှိဖို့လိုတယ်ဆိုပြီးတော့ အဲဒီအခြေခံနဲ့ စခဲ့တာပေါ့။ စခဲ့တဲ့အခါကျတော့ သူတို့ဆီမှာ ဘောဂဗေဒ မဟုတ်ဘူးနော်။ စီးပွားရေးလုပ်တဲ့သူတွေအားလုံး၊ လုပ်ငန်းရှင်အားလုံးသည် MBA မယူမနေရလောက်အထိ ဖြစ်တယ်။ နောက်တစ်ခုက MBA Business School မှာ ဒီ MBA ပေးတယ်။

ပုံမှန်အားဖြင့် MBA က ၂နှစ် MBA များတယ်။ အမေရိကန် MBA တွေ။ UK ကျတော့ တစ်မျိုး တစ်နှစ်နဲ့ ပေးတယ်။ အဲဒီအပေါ်မှာမူတည်ပြီး မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် ၂၅ လောက်က MBA တွေ စလုပ်တယ်။

လုပ်တဲ့ရည်ရွယ်ချက်က မြန်မာပြည်မှာရှိတဲ့ စီးပွားရေးလုပ်မယ့်သူတွေ၊ စီးပွားရေးကို စီမံအုပ်ချုပ်မယ့်သူတွေအတွက် ဘွဲ့လွန်ကျောင်းပေးဖို့လိုတယ်ဆိုပြီး လုပ်တာ။ ဒါပေမဲ့ Business School ဆိုတာ အခုထိ မရှိသေးဘူး။ စီမံခန့်ခွဲမှုဌာန အောက်မှာပဲ လုပ်နေတာ ရှိတယ်။

MBA ဘယ်သူတွေတက်သင့်သလဲဆိုတော့ စီးပွားရေးလုပ်တဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းကို တကယ်ကို ဦးဆောင်တဲ့သူတွေ၊ Marketing တာဝန်ယူတဲ့သူတွေ၊ Finance တာဝန်ယူတဲ့သူတွေပေါ့။ MBA လို့ ပြောရင်လည်း General MBA လို့ စဉ်းစားလို့ မရဘူး။ MBA မှာ အထူးပြုတာတွေ ရှိတာပေါ့။ Finance အထူးပြုတာ၊ Marketing အထူးပြုတာ၊ Sales အထူးပြုတာ၊ HR အထူးပြုတာ ဒီလို အထူးပြုမှုတွေအပေါ် မူတည်ပြီးတော့ ကိုယ့်လုပ်ငန်းတွေမှာ တာဝန်ယူမယ့်သူတွေက လုပ်လို့ရမယ်။

 

MBA အကြောင်းသိကောင်းစရာ

  • MBA, သုတေသန, Thesis နဲ့ အခြားသိကောင်းစရာတွေကို MyanmarLearner.com, facebook.com/MyanmarLearners7, နဲ့ youtube.com/c/MyanmarLearners တို့မှာ ဆက်လက်လေ့လာနိုင်ပါတယ်။
  • အသေးစိတ်သိချင်ရင် “MBA အကြောင်းသိကောင်းစရာ” #MBAbook စာအုပ်ကို ၅၀၀၀ ကျပ်နဲ့ com နှင့် Facebook page မှာ ကြိုတင်ပေးပို့မှာယူနိုင်ပါတယ်။
  • MBA ဝင်ခွင့်ကစလို့ Thesis စာတမ်းရေးသားပြီး ဘွဲ့ရတဲ့အထိ ဆောင်ရန်/ရှောင်ရန်တွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပါမောက္ခဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေက မေတ္တာနဲ့ ဖြေကြားထားပါတယ်။

[1] https://www.mba.today/guide/mba-history

#MBA နဲ့ အခြားသိကောင်းစရာတွေကို စိတ်ဝင်စားတယ်ဆိုရင် Myanmar #Learners ရဲ့ Website MyanmarLearner.com မှာ လေ့လာနိုင်ပါတယ်။

Myanmar #Learners ရဲ့ Facebook page https://www.facebook.com/MyanmarLearners7 ကိုလည်း Like လုပ်ထားကြဖို့ မမေ့ပါနဲ့နော်။

Myanmar #Learners ရဲ့ YouTube channel https://www.youtube.com/channel/UCSni_m8SmhYa8sJxwPfdvpA ကို Subscribe လုပ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

One thought on “Who should attend MBA?

  • September 30, 2020 at 7:04 pm
    Permalink

    Hi, this is a comment.
    To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
    Commenter avatars come from Gravatar.

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!