Thank You!

[um_show_content roles='admin,customer,subscriber']

ကျေးဇူးတင်လွှာ

  • အရင်ဦးဆုံး ကျနော့်ကို MBA ဘွဲ့ရတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ ဘဝတစ်ပါးက မိဘနှစ်ပါးကို ရှိခိုးဦးခိုက်ဂါရဝပြုပါရစေ။
  • MBA အကြောင်းသိကောင်းစရာစာအုပ်ထုတ်ဝေဖြစ်အောင် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသူတွေ အများကြီးပါ။
  • ပထမဆုံးအနေနဲ့ ကျနော့်ကို MBA မတက်ခင်ကစလို့ လက်ရှိအချိန်အထိ သင်ကြားလမ်းညွှန်ပေးခဲ့ကြတဲ့ ဆရာကြီး/ဆရာမကြီးများ အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုက်ပါရစေ။
  • သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေအားလုံးကိုလည်း ကျေးဇူးပါ။
  • ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေချိန်မှာ လူချင်းတွေ့ဖို့ အခက်အခဲရှိတဲ့ကြားကနေ အင်တာဗျူးဖြေဆိုပေးခဲ့ပြီး အင်တာဗျူးစာမူတွေကို ကိုယ်တိုင်စိစစ်တည်းဖြတ်ပေးခဲ့ကြတဲ့ ဆရာကြီး/ဆရာမကြီး အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
  • အထူးသဖြင့် ကိုဗစ်ကာလမှာ မအားလပ်တဲ့ကြားက အင်တာဗျူးဖြေဆိုပေးခဲ့ကြတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ် ဆရာကြီး တင်ဝင်း၊ ပါမောက္ခ ဆရာကြီး Dr. ဦးအောင်ထွန်းသက်၊ ဌာနမှူး (ငြိမ်း) ဆရာမကြီး ဒေါ်လှမြင့်၊ ပါမောက္ခဌာနမှူး ဆရာမကြီး Dr. ဒေါ်နုနုလွင်၊ ပါမောက္ခ ဆရာမကြီး Dr. ဒေါ်မြင့်မြင့်ကြည်၊ ပြင်ပပညာရှင်တွေဖြစ်ကြတဲ့ ဥပဒေပညာရှင် ဆရာကြီး ဦးမောင်မောင်နဲ့ Myanmar Information Technology တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဆရာကြီး Dr. ဦးထွန်းသူရသက်တို့ကို ကျေးဇူးအထူးတင်ပါတယ်။
  • MBA အတွေ့အကြုံတွေကို မျှဝေသွားတဲ့ E.S Myanmar ရဲ့ MD ဦးအောင်သူရနိုင်နဲ့ Talent & Technology Co., Ltd. ရဲ့ MD ဒေါ်နှင်းကေသရာတို့ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
  • ပြီးတော့ ပါမောက္ခဆရာကြီး/ဆရာမကြီးတွေကို အင်တာဗျူးခွင့်ရဖို့နဲ့ စာအုပ်ဖြစ်မြောက်ရေးအတွက် အကြံပေးခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က စီမံဘဏ္ဍာဌာနမှူး အစ်မကြီး ဒေါ်မာလာဦးကိုလည်း ကျောင်းတက်နေတုန်း‌ရော ခုချိန်ထိပါ ကူညီပေးနေလို့ ကျေးဇူးပါ။
  • EMBA 17th batch က အတန်းသူ/အတန်းသားအားလုံးနဲ့ သက်ဆိုင်သူတွေကိုလည်း အစစအရာရာကျေးဇူးပါပဲ။
  • MBA society က မိတ်ဆွေအားလုံးကိုလည်း ကျေးဇူးပါပဲ။
  • ပညာဆည်းပူးခွင့်ပေးတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကိုလည်း ရင်ထဲမှာအမြဲအမှတ်ရနေမှာပါ။
  • ဓာတ်ပုံတချို့ ယူသုံးခွင့်ပေးတဲ့အတွက်လည်း သက်ဆိုင်သူတွေကို ကျေးဇူးပါပဲ။
  • ကလေးဘဝကတည်းက ခုချိန်ထိ ကျနော်လေ့လာသင်ယူခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
  • တကယ်တော့ စာအုပ်တစ်အုပ်ဖြစ်မြောက်ရေးအတွက်ဆို ခုလိုစာမူကြမ်းတွေကို အချောဖြစ်အောင် စာစီပေးခဲ့ကြတဲ့သူတွေကအစ စာမျက်နှာပေါ်ရောက်အောင် ကူညီပေးခဲ့ကြတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ရမှာပါ။
  • ဒီတော့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ ထပ်လောင်းပြောပါရစေ။
  • နောက်ဆုံးတော့ ဒီစာအုပ်ဖြစ်မြောက်ရေးအတွက်တင်မက MBA တက်နေတဲ့ ကာလတစ်လျှောက်လုံး စိတ်ရှည်သည်းခံပြီး ပံ့ပိုးပေးခဲ့တဲ့ ချစ်ဇနီး ဝင့်ရည်ကျော်ကိုလည်း အစစအရာရာကျေးဇူးပါပဲ။
  • နောက်ကွယ်က ခုလိုပံ့ပိုးပေးခဲ့ကြတဲ့သူတွေရှိလို့သာ ကျနော် ဒီစာအုပ်လေး ထုတ်နိုင်တာမို့ အားလုံးကို အမြဲသတိရ ကျေးဇူးတင်သွားမှာပါ။

ကျော်မိုးဟိန်း (EMBA)

Learners Publication

[/um_show_content]

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!